ပြင်ဉီးလွင်မြို့တွင် ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ပိတ်ပွဲကျင်းပ

ပြင်ဦးလွင် ဧပြီ ၁၇      

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ပိတ်ပွဲကို  ယမန်နေ့  ညနေ(၆)နာရီက ရပ်ကွက်ကြီး(၆)၊ အမျိုးသားကန်တော်ကြီးဉယျာဉ်အနီး၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ယိမ်းအကအဖွဲ့များတက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးကျော်ကျော်ထွန်းမှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် အတာသင်္ကြန်ရေသဘင် ပွဲတော်ပိတ်သိမ်းကြောင်းကြေညာပြီး မန်းတောင်ရိပ်ခိုသီချင်းနှင့် ထာဝရမြန်မာသီချင်းတို့ဖြင့်သီဆို၍ ယိမ်းအကအဖွဲ့များမှ စုပေါင်းဖျော်ဖြေကြသည်။

ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးကျော်ကျော်ထွန်းနှင့် တာဝန်ရှိသူများမှ ဧည့်သည်တော်များနှင့် ယိမ်းအကအဖွဲ့များအား  အတာရေဖြင့်ပတ်ဖြန်းခဲ့ပြီး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရှိရသည် ။

ခရိုင်(ပြန်/ဆက်)