လိပ်သိုမြို့ အလယ်ချောင်း(အထက်)ကျေးရွာတွင်  အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ကွင်းဆင်းဆောင်ရွက်

လိပ်သို    ဧပြီ   ၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အလယ်ချောင်း(အထက်) ကျေးရွာ၌အသက် (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်  ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က အလယ်ချောင်း(အထက်) ကျေးရွာ ဆေးခန်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းတွင် ကလေးငယ်များအား ကူးစက်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရန်၊ ကျန်းမာ ရေးအသိပညာပေးခြင်း၊ ကလေးငယ်များအား ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ ပိုလီယိုရောဂါ၊ မေးခိုင်ရောဂါ၊ ဦးနှောက်တီဘီရောဂါ၊ ဆုံဆို့နာ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ဝက်သက်ရောဂါတို့မှ  ကင်းဝေးစေရန် အသက် အုပ်စုအလိုက် ကာကွယ်ဆေးများထိုးနှံ/တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်  လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများကို လိပ်သိုမြို့ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောဝေါ်ကွောထူး(ရုပ်/သံ-၃)