မြို့သစ် ဧပြီ ၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားခဲ့သည်။ အဆိုပါ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာ ကြည့်တိုက်လက်ထောက်မှူး ဒေါ်နွယ်နွယ်အေးက သင်တန်းနည်းပြအဖြစ် ဆောင်ရွက်၍ ဆပ်ပြာဆီပြုလုပ်ရာတွင် ပါဝင်သည့် ပစ္စည်းများ၊ ဆပ်ပြာဆီပြုလုပ်နည်း အဆင့်ဆင့် နှင့် အသုံးပြုပုံများကို သင်တန်းသားများ နားလည်သိရှိစေရန် အသေးစိတ်သင်ကြား ပြသပေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)