ပွင့်ဖြူမြို့နယ်၌ ပြည်သူများ ဆေးဝါးနှင့် အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် ဆေးဆိုင်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းအသိပညာပေး

ပွင့်ဖြူ ဧပြီ ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဆေးဝါးနှင့်စားသောက်ကုန် ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျဝယ်ယူစားသုံး တတ်စေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက် ၈ နာရီက မြို့မစည်ပင်သာယာဈေးနှင့် ရပ်ကွက်များရှိ ဆေးဝါးနှင့် စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များကို တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊  စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့မှ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့သွားရောက်ပြီး ဈေးအတွင်းအပြင်ရှိ ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်း အရောင်းအဆိုင်များသို့သွားရောက်ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဆေးဝါးနှင့် စားသောက်ကုန် ပစ္စည်းများ ရောင်းချရာတွင် အစားအစာဘေးကင်းလုံခြုံစေရေးအတွက် ဓာတုဆိုးဆေးများပါဝင်သော စားကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်း မပြုရန်၊ သက်တမ်းလွန်နေသော အစားအသောက်များ ရောင်းချခြင်းမပြုရန်၊ ဆေးဝါးပစ္စည်းများအား သာမန်ထက်ပို၍ ဈေးနှုန်းကြီးမြင့်စွာရောင်းချခြင်း မပြုရန်နှင့် သက်တမ်းလွန်သော ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းမပြုရန်တို့ကို အကြံပြုဆွေးနွေးကာ ရောင်းချခြင်းမပြုရန် တားမြစ်ထားသော ဆေးဝါးနှင့် စားကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရန်အတွက် ရောင်းချခြင်းမပြုရန် တားမြစ်ထားသော ဆေးဝါးနှင့် စားကုန် ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )