လှိုင်းဘွဲ ဧပြီ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာအုပ်စု၊ အထက်ပိန္နဲတောကျေးရွာတွင် စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အထက်ပိန္နဲတောကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မဲဆမိတ်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒရထံမှ ငါးပါးသီလခံယူဆောက် တည်ခြင်း၊ ဆရာတော်၊သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ တရားတော်များ နာယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် အလှူရှင်များ၊ ဒါယကာ၊ ဒါယကာများကအလှူငွေများ၊ လှူဖွယ်ဝတ္ထုပစ္စည်များ လှူဒါန်းခြင်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဖွယ် ဝတ္ထုအစုစုတို့အတွက် ရေစက်ချအမျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)