လူထုအခြေပြုဗဟိုဌာန(ပုဏ္ဏားကျွန်းမြို့)၌ အခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ပန်းချီ သင်တန်းများဆင်းပွဲ ကျင်းပ

ပုဏ္ဏားကျွန်း ဧပြီ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ပန်းချီသင်တန်းများဆင်းပွဲကို ယနေ့၊ နံနက်(၉)နာရီက  အဆိုပါမြို့နယ်ရုံး၏ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆွေက သင်တန်းသား/သူများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်များ အလိုက် အခြေခံပညာရပ်ကို နားလည်တတ်မြောက်ပြီးဖြစ်သော်လည်း ဆက်လက်လေ့လာ သင်ယူကြရမည်ဖြစ်ကြောင်း ရှင်းလင်းမှာကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  သင်တန်းနည်းပြ ဆရာမတို့ကို အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ပန်းချီသင်တန်းသို့ တက်ရောက်သင်ယူခဲ့ကြသော သင်တန်းသား/သူများအား ဦးစီးအရာရှိနှင့်တာဝန်ရှိသူတို့က သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ကွန်ပျူတာသင်တန်းကို မတ်လ ၁၆ ရက်နေ့တွင် လည်းကောင်း၊ အင်္ဂလိပ်စာသင်တန်း ကို မတ်လ ၁၈ ရက်နေ့နှင့်ပန်းချီသင်တန်းကို မတ်လ ၂၀ ရက်နေ့များတွင် စတင်ဖွင့်လှစ်ပြီး၊ သင်တန်းသား လူငယ်(၅၂)ဦး တက်ရောက်ကာ ရက်သတ္တပတ်(၃)ပတ်ကြာ(အခမဲ့)သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

 

နီထွန်းအောင်(ပြန်/ဆက်)