သတင်းများ

ရေဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Apr 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၌ ရေဖြူမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများ၊ အဆောက်အဦများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ပါက အလွယ်တကူ မီးငြှိမ်းသတ်ရေးအတွက်ရေဖြူ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးအရာရှိ ဦး‌အောင်ကိုမင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီအချိန်ကမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သည်။
ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ English Grammar Training သင်တန်းဆင်းပွဲပြုလုပ်
Apr 06,2023
ပဲခူတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မတ်လ ၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သော English Grammar Training သင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါခန်းမ၌ ကျင်းပပြုလုပ်သည်။
ယှဉ်ပြိုင်မှုဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် Tradenet 2.0 စနစ်မှ အလိုအလျောက်ပို့ကုန် လိုင်စင် ခွင့်ပြုထုတ်ပေးခြင်းဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်
Apr 06,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း၊ မင်္ဂလာမန္တလေးဟိုတယ်တွင် ယနေ့နံနက် ၉ နာရီက ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် Tradenet 2.0 စနစ်မှ အလိုအလျောက်ပို့ကုန်လိုင်စင် ခွင့်ပြုထုတ်ပေးခြင်းဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မံစီမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အစည်းအဝေးကျင်းပ
Apr 06,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ  အစည်းအဝေးကို ဧပြီ ၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
မိုးမောက်မြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်သစ် တည်ဆောက်မှု ကွင်းဆင်းစစ်ဆေး
Apr 06,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် မြို့နယ် ရေနံနှင့်ရေနံထွက်ဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီဝင်များသည်    မိုးမောက်မြို့နယ်၊ ကြေးနန်းရပ်ကွက် ကွင်းအမှတ် (၆၈)၊  ဦးပိုင်အမှတ်(၂)၊ မြေဧရိယာ (၀.၄၀၇) ဧကရှိ မြေကွက်ပေါ်တွင် အသေးစား စက်မှုလက်မှုလုပ်ငန်းရှင် ဦးတန်ဘားမှ မြေအောက်သို့ လှောင်ကန်ဒီဇယ် (၆၄၀၀) ဂါလံဆံ့(၁)ကန်၊ ပရီမီယမ် (၆၄၀၀)ဂါလံဆံ့ (၁)ကန်၊ 92 (၆၄၀၀) ဂါလံဆံ့ (၁)ကန်နှင့် 95 (၆၄၀၀) ဂါလံဆံ့ (၁)ကန် စုစုပေါင်း မြေအောက်သိုလှောင်ကန် (၄)လုံးဖြင့် စက်သုံးဆီအရောင်းဆိုင်သစ် တည်ဆောက်၍  စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်း  လုပ်ငန်းအား သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆောင်ရွက်ထားမှုရှိ/မရှိကို ယမန်နေ့နံနက် (၁၁)နာရီမှ (၁၂)နာရီထိ ကွင်းဆင်းကြည်ရှု့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မန့်ဟီးရိုးမြို့ရှိ  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဒေသခံပြည်သူများနှင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်
Apr 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန်ဟီရိုးမြို့တွင် စာဖတ်ဝါသနာရှင်များနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နေ့လည် (၁)နာရီ အချိန်တွင် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ပါသည်။
ပေါင်မြို့နယ်တွင် ရေသယံဇာတနှင့်ရေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ပြုလုပ်
Apr 06,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ ရေသယံဇာတနှင့်ရေထုညစ်ညမ်းမှုအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Apr 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်မီးသတ်ဦးစီဌာနသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။