မန့်ဟီးရိုး ဧပြီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန်ဟီရိုးမြို့တွင် စာဖတ်ဝါသနာရှင်များနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နေ့လည် (၁)နာရီ အချိန်တွင် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မန်ဟီရိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မာမာအောင် (ဒုတိယဦးစီး မှူး)က တက်ရောက်လာသော စာဖတ်ဝါသနာရှင်များနှင့်စာပေချစ်မြတ်နိုးသူများကို စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ အသိပညာဗဟုတတိုးတက်မြင့်မားစေရန် အားလပ် ချိန်တွင် စာအုပ်၊ စာစောင်များ ဖတ်သင့်ကြောင်းနှင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိရှိအသုံးချပြီး စာဖတ်သင့်ကြောင်း ပြောကြားခဲ့ပြီးနောက် စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားထားသော “အလုပ်ဆိုတာ အင်အားပါ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင် ဒေသခံပြည်သူ များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြည်သူများ အသိပညာပေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သော ဌာနဖြစ်သည့် အတွက် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို အသိပညာဗဟုသုတများ ရရှိစေရန်၊ စာအုပ်စာပေ ဖတ်ရှုလေ့လာမှု တိုးပွားလာစေရန်၊ စာအုပ်စာစောင်များအပေါ် စိတ်ဝင်စားမှု၊ ရင်းနှီးထိတွေ့မှုများ ရရှိစေရန်ဆောင်ရွက်ထားရှိလျက်ရှိပြီး အသိပညာပေးစာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခြင်း၊ ပြည်သူများမှ စာအုပ်စာစောင်များ ဖတ်ရှုနိုင်စေရန် မြို့ရုံးပြည်သူ့စာကြည့်တိုက်မှ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ ဌာနဆိုင်ရာရုံးများနှင့်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာနေ ဒေသခံပြည်သူများသို့ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်ပိုင်(ပြန်/ဆက်)