ရေဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ရေဖြူ ဧပြီ  ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၌ ရေဖြူမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများ၊ အဆောက်အဦများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ပါက အလွယ်တကူ မီးငြှိမ်းသတ်ရေးအတွက်ရေဖြူ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးအရာရှိ ဦး‌အောင်ကိုမင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီအချိန်ကမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သည်။

 အဆိုပါ ဆောင်ရွက်မှုတွင် မီးသတ်ဦးစီးအရာရှိ ဦးအောင်ကိုမင်းက ရေဖြူမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများအား မီးသတိမူရေးအတွက်  မီးသတိမူရေစာတမ်းများချိတ်ဆွဲခြင်း၊ လျှပ်စစ်မီးကို စနစ်တကျအသုံးပြုစေရေး၊ အသိပညာပေးလက်ကမ်း‌စာစောင်များဖြန့်ဝေခြင်း၊  မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်မီးကပ်၊ သဲပုံးရေပုံးများထားရှိစေခြင်း၊ မီးငြှိမ်းသတ်ရန်သီးသန့် ရေသိုလှောင်စေခြင်း၊ မီးသတ်ဆေးဘူး လုံလောက်စွာထားရှိစေခြင်း၊  ဆောင်ရန်၊ ရှောင်ရန်များ ကို အကြံပြုဆွေးနွေးမှာကြားခြင်း၊ ရုံးတွင်းချိတ်ဆက်ထားသော မီးသတ်ဆေးဗူး များအား ရက်လွန်ခြင်းရှိမရှိစစ်ဆေးခြင်း၊ အသုံးပြုပုံ/ နည်းများကို ပြသဆောင်ရွက်ခြင်းများနှင့် အကြံပြု ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ခတ္တာ