မာန်အောင် ဧပြီ ၄
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်မည့် စိုက်ပျိုးရေးမြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီဝင်များအား သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးသူရိန်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးထွန်းစောက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးမြစိမ်းရောင်စီမံကိန်းလုပ်ငန်း လုပ်ဆောင်မည့်ကျေးရွာများဖြစ်ကြသည့် ရဲကျွန်း(တောင်)၊ ရဲကျွန်း(မြောက်)၊ နတ်ပြင်ကျေးရွာနှင့် ပလင်ကျေးရွာတို့မှ စိုက်ပျိုးရေးမြစိမ်းရောင်စီမံကိန်းလုပ်ငန်း ကျေးရွာကော်မတီဝင် သင်တန်းသား/သူ(၃၆)ဦးတို့အား နိုင်ငံ့စီပွားမြှင့်တင်ရေး မတည်ရန်ပုံငွေ ငွေစာရင်းထိမ်းသိမ်းနည်းနှင့် စာရင်းဇယားများပြုစုနည်းများကို တစ်ရက်တာ သင်တန်းအဖြစ် ပို့ချပေးလျက်ရှိကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)