ကျောက်ပန်းတောင်း ဧပြီလ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ဆည်အနီးကျေးရွာ များတွင် ကြက်သွန်နှုတ်သိမ်းချိန်းတွင် နေ့စားအငှားလိုက်သူများ ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ကြက်မောက်တောင်ဆည်အနီးပတ်ဝင်းကျင် ကျေးရွာများတွင် သီးတင်းကျွတ်လတွင် စတင်ပျိုးထောင်ကာ စိုက်ပျိုးထားသော ကြက်သွန်စိုက် ခင်းများသည် ယခုအခါတွင် ၉၀ ရာခိုင်းနှုန်းလောက် နှုတ်သိမ်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ ယခုလိုကြက်သွန်နှုတ်သိမ်းချိန်တွင် နေ့စားအ ငှားလိုက်သူများမှာ ကြက်သွန်နှုတ်သိမ်းခြင်းနှင့် အမြိတ်ဖြတ်ခြင်းများအတွက် တစ်ရက်လျင် ၅၀၀၀ ကျပ်ရရှိသောကြောင့် နေ့စားအငှားလိုက်သူ များပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရသည်။ ကြက်သွန်စိုက်ပျိုးကြသူများမှာလည်း သင်္ကြန်မတိုင်မှီအပြီးနှုတ်နိုင် ရေးအတွက် မိမိကျေးရွာများသာမက အခြားကြက်သွန်မစိုက်သော ကျေးရွာများမှနေ့စားအငှား လိုက်သူများပါငှားရမ်းပြီး နှုတ်သိမ်းနေကြကြောင်း လဲဂွကျေး ရွာ ကြက်သွန်စိုက်ပျိုး တောင်သူဦးမောင်လွင်ထံမှ သိရသည်။
P.W.A(ပြန်/ဆက်)