ကျောက်ဆည် ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် သင်္ဂတုံကျေးရွာအနီ ငပြောင်မြောင်းမှ ရေပြွန်(၅)လုံး ပြန်လည်ပြုပြင်ပေးသဖြင့် သီးနှံမျိုးစုံ(၄၀၃)ဧက စိုက်ပျိုးရေများပြည့်ဝစွာ သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေပြွန်များသည် နှစ်ကာလကြာမြင့်ပြီး ရေထိန်းတံခါးများ မပါရှိခြင်းတို့ကြောင့် စိုက်ပျိုးရေများ ပေးဝေရာတွင် မြောင်းအောက်ပိုင်းရှိ သီးနှံစိုက်ခင်းများ ရေပြည့်ဝစွာမရှိသဖြင့် သီးနှံဖြစ်ထွန်းမှုနှင့် အောင်မြင် မှုများ ပြည့်ဝစွာမရရှိခြင်းများကြောင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြွန်အဟောင်းများအား ဖယ်ထုတ်၍ အရှည်(၂၀)ပေ အကျယ်(၁၅)လက်မ ပြွန်(၁)လုံး၊ အရှည်(၂၀)ပေ အကျယ်(၈)လက်မ ပြွန်(၃)လုံး၊ အရှည်(၂၀)ပေ အကျယ်(၆)လက်မ ပြွန်(၁)လုံး စုစုပေါင်း သံကူကွန်ကရစ် ပြွန်(၅)လုံးအား အစားထိုး ပြန်လည်ပြုပြင်ခဲ့ပြီး ရေပြွန်များရေရှည်တည်တံ့ခိုင်မာစေရေး ပြွန်ထိပ် ဝဲ/ယာတွင် ကျောက်သား နံရံများစီးပေးခဲ့ပြီး ရေပေးရာတွင် ထိန်းချုပ်လွယ်ကူရေး ရေတံခါးများပါ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါရေပြွန်များ ပြန်လည်ပေးခြင်းကြောင့် သီးနှံမျိုးစုံ(၄၀၃)ဧကအား စိုက်ပျိုးရေများပေးဝေရာတွင် ရေလေလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် မြောင်း၏ အထက်ပိုင်းနှင့်အောက်ပိုင်များအား ညီမျှစွာဖြင့် မြောင်းအဆုံး မြောင်းအဖျားအထိ အခက်အခဲမရှိ စိုက်ပျိုးရေများ ပေးဝေနိုင်ပြီဖြစ်ကြောင်းနှင့် တောင်သူများ၏ လူမှုစီးပွား ဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)