ဇလွန်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့မတိုက်နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ

ဇလွန် မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် နယ်မြေတာဝန်ခံဗိုလ်မှူးကြီး သိန်းနိုင်စိုးသည် ဇလွန်မြို့နယ် နယ်မြေဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် မြို့မတိုက်နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် မြို့မတိုက်နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြချက်များ ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဇလွန်မြို့မာရ် အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ ဂေါပကအဖွဲ့ရုံးတွင် မြို့နယ် သံဃာ့နာယကအဖွဲ့ ဆရာတော်များနှင့် တွေ့ဆုံခဲ့သည်။ ယင်းနောက် ညောင်ပင်စျေးရပ်ကွက်-ကြပ်ကြီးရွာ-သရက်တပင် တောင်ရွာ-ညောင်ကုန်းရွာလမ်းအား ကျောက်ချောလမ်း ဆောင်ရွက်နေမှုအခြေအနေ၊ ညောင်ပင်စျေးရပ်ကွက်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံ ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)