နတ်တလင်း မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ

နတ်တလင်း မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်နှံကြပါစို့ အထိမ်းအမှတ်ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။

၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေးနေ့အားဂုဏ်ပြု၍ အထိမ်းအမှတ်ဆိုင်းဘုတ် စိုက်ထူခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုးနှင့် ဒုမြို့နယ်ပညာရေးမှူး ဦးအောင်ကိုဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဆောင်ရွက်ပေးခဲ့ပြီး မေလ ၃၀ ရက်နေ့တွင် အ.ထ.က (နတ်တလင်း) ကျောင်းနှင့် အ.မ.က(လွန်) ဗဟိုကျောင်းရှေ့များတွင် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်များ စိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်သည် KG တန်းမှ Grade-12 အထိ ကျောင်းသားအားလုံး စနစ်သစ်ပညာရေးအား သင်ယူကြရမည်ဖြစ်ပြီး စနစ်ဟောင်းသင်ကြား ရေးလုံးဝမရှိတော့ ကြောင်း ဒုမြို့နယ်ပညာရေးမှူး ဦးအောင်ကိုဝင်းထံမှ သိရသည်။

ထားထားဦး(ပြန်/ဆက်)