သာယာဝတီ မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မုန်တိုင်းကြိုတင်ကာကွယ်နိုင်ရေး လိုက်လံနှိုးဆော်ပေးခြင်းနှင့် မုန်တိုင်းဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက သာယာဝတီမြို့နယ်စည်ပင်သာယာမြို့မဈေးကြီးနှင့် သုံးဆယ်မြို့၊ မြို့မစျေးတို့၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဆောင်ရွက်ခြင်းတွင် စည်ပင်သာယာမြို့မဈေးတာဝန်ခံများနှင့်အတူ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင်ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင်လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင်ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင်ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင်ရှောင်ရှားသင့်သည့်အချက်များအား လိုက်လံနှိုးဆော်ပေး၍ အသိပညာပေးလက်ကမ်းစာစောင်များအား ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)