ရွှေဘိုခရိုင်/မြိုနယ် မီးသတ်ဦးစီးဌာနတွင် မုန်တိုင်းဘေးအန္တရာယ် ကျရောက်ပါက ကူညီကယ်ဆယ်နိုင်ရေး ဇာတ်တိုက်​လေ့ကျင့်မှုများ​ ဆောင်ရွက်

​ရွှေဘို မေ ၁၀

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင်၌ မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ဆောင်ရွက်ခြင်း၊ ဇာတ်တိုက်​လေ့ကျင့်မှုနှင့် လိုအပ်မည့် ပစ္စည်းကိရိယာများ ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိ​ခြင်းကို ယမန်​​နေ့နံနက်ပိုင်းက​ဆောင်ရွက်ရာ ဒုမြို့နယ်အုပ်ချုပ်​ရေမှူးနှင့် တာဝန်ရှိသူများ တက်​ရောက်ခဲ့ကြောင်း သိရသည်။

မိုးကြိုကာလ ရောက်ရှိလာတော့မည်ဖြစ်၍ ​ရွှေဘိုမြို့နယ်အတွင်း သဘာဝဘေးကြောင့် လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုများ ရှိလာနိုင်ခြင်း၊ မုန်တိုင်းအန္တရာယ် ကျရောက်လာနိုင်သည့်အတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအား ထိခိုက်ဆုံးရှုံးမှုမရှိစေရေး ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး အသိပညာပေးခြင်းနှင့် စုရပ်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ​ရွှေဘိုခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ပြီး ကယ်ဆယ်ရေးလေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ ရှာဖွေကယ်ဆယ်ရေးအတွက် လိုအပ်မည့် ပစ္စည်းကိရိယာများ၊ ရှာ​ဖွေကယ်ဆယ်​ရေးယာဉ်၊ အသက်ကယ်ကြိုးများ စသည်တို့ကို အသင့်ကြိုတင် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်