တနိုင်းမြို့၌ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

တနိုင်း မေ ၁၂

ကချင်ပြည်နယ်၊  တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၉ ရက်​နေ့ နေ့လယ် (၁) နာရီက ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(တနိုင်း)စစ်ဆင်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဒေသကွက်ကဲရေးမှူးစစ်ဌာနချုပ် (တနိုင်း)ဗိုလ်မှူးချုပ် မိုးကျော်သူက သဘာဝဘေးအန္တရာယ် ကာကွယ် တားဆီးရာတွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်၊ ကယ်ဆယ်ရေးစခန်းများ သတ်မှတ်ထားရှိပြီး အသင့်ပြင်ဆင်ထားရှိရန် အဖွင့်အမှာစကား​ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဒေသကွက်ကဲရေးမှူးက သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်းစိုးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီထောက်ပံ့ပေးမှု အမျိုးအစားများနှင့် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ အသီးသီးကို ဆွေးနွေးတင်ပြခဲ့‌ကြောင်း သိရသည်။

ပန်းအိ(တနိုင်း)