ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာ၀ဘေးအန္တရာယ်ကျရောက်သည့် ကျေးရွာများအား ထောက်ပံ့ပစ္စည်းများပေးအပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မောင်တော မေ ၁၇

ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာ၀ဘေးအန္တရာယ်ကျရောက်သည့် ကျေးရွာများအား ထောက်ပံ့ပစ္စည်းများပေးအပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် ၂ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက ပြည်ထောင်စု၀န်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ရခိုင်ပြည်နယ်၀န်ကြီးချုပ်တို့၏ မောင်တောခရီးစဉ်အတွင်း မှာကြားခဲ့သည့် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့‌သော ကျေးရွာများအတွင်း  ပြန်လည်ထူထောင်ရေး၊ ယာယီတဲများနှင့် လူနေအိမ်များတည်ဆောက်နိုင်ရေး၊ ထောက်ပံ့ပစ္စည်းများပေးအပ်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာ ကော်မတီဝင်များအလိုက် ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ အမြန်ဆုံးခွဲဝေဖြန့်ပေးနိုင်ရေး ဆောင်ရွက်ကြပါရန်နှင့် သဘာ၀ဘေးခံစားခဲ့ရသော ကျေးရွာများအား  ကျန်းမာရေးစောင့်ရှောက်မှုပေးရန်လိုကြောင်း စသည်တို့ကိုပြောကြားခဲ့သည်။ ဆက်လက်၍ နယ်မြေခံကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းက ဘေးအန္တရာယ်ကျရောက်ခဲ့သော ကျေးရွာများပြန်လည်ထူထောင်ရေးနှင့် ကျေးရွာများတွင် ယာယီနေထိုင်နိုင်ရေးအတွက် ယာယီတဲများတည်‌ဆောက်နိုင်ရန် ကော်မတီများအလိုက် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း စသည့်တိုကို ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော သက်ဆိုင်ရာဌာနဆိုင်ရာများက ဘေးအန္တရာယ်ကျရောက်ခဲ့သော ကျေးရွာများတွင်ယာယီတဲများ တည်ဆောက်ပေးမည့်အခြေအနေ၊ ရေအိမ်များ လတ်တလောတည်ဆောက်ပေးနိုင်ရေး၊ သောက်သုံးရေကူညီပေနိုင်ရေးကိစ္စများ စသည့်တိုကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြရာ လိုအပ်သည်များကိုတာဝန်ရှိသူများက ဖြည့်စွက်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်(ခရိုင်ပြန်/ဆက်)