ကျောက်ဆည်မြို့နယ်တွင် ကျေးရွာ(၃)ရွာမှ ပြည်သူ(၁၄၀၄)ဦးနှင့် ကျေးလက်နေပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး ရွာပုလဲ-အုတ်ဖို-မြေစို ကျေးရွာချင်းဆက်ကျောက်ချောလမ်းအား ပြန်လည်ပြုပြင် ပေးသွားမည်ဖြစ်

ကျောက်ဆည်  မေ  ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာ(၃)ရွာရှိ ပြည်သူ(၁၄၀၄)ဦးနှင့် ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရွာပုလဲ-အုတ်ဖို-မြေစို ကျေးရွာချင်းဆက်ကျောက်ချောလမ်းအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းသည် ကျောက်ဆည်-ကျောက်ဆောက်ကုန်းလမ်းနှင့် ဆက်သွယ်ထားသည့် လမ်းတစ်လမ်းဖြစ်ကြောင်းနှင့် လမ်းပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေ (၁၆.၃)ကျပ်သန်းဖြင့် အရှည်(၁.၈၁၁ ကီလိုမီတာ)၊ အကျယ်(၃.၆၆ မီတာ)၊ ထု(၇၅မီလီမီတာ) ကျောက်ချောလမ်းအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်းနှင့် လမ်းပြုပြင်ခြင်း လုပ်ငန်းများပြီးစီး သွားပါက ရွာပုလဲ-အုတ်ဖို-မြေစို ကျေးရွာ(၃)ရွာမှ အိမ်ခြေ(၃၁၄)အိမ်၊ လူဦးရေ (၁၄၀၄)ဦးနှင့် လမ်းအသုံးပြုသူ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-ငှက္ကတောင်လမ်းပိုင်းတွင် အရှည်(၁.၆၀၉)ကီလိုမီတာ၊ ရွှေအင်း-ရှင်ငယ်ကျ-မြစ်သားမြို့နယ်စပ် လမ်းပိုင်းတွင် အရှည်(၀.၈၀၅) ကီလိုမီတာနှင့် ရွာပုလဲ-မြေစို-အုတ်ဖိုလမ်းပိုင်းတွင် အရှည်(၁.၈၁၁) ကီလိုမီတာ လမ်း(၃) လမ်းအား ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)