ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လေဘေးသင့်ပြည်သူများထံ ဆေးကုသပေးခြင်းများဆောင်ရွက်

ဆင်ပေါင်ဝဲ မေ ၁၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကန်ပေါက်ကျေးရွာတွင် ​မေလ ၁၄ ရက်နေ့ ဖြစ်ပွားခဲ့သည့် လေဘေးသင့် ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးကုသပေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျန်းမာရေး ဆေးခန်းဖွင့်၍ စောင့်ရှောက်မှုပေးခြင်းများ ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆေးကုသပေးခြင်းများဆောင်ရွက်ရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများသည် လေဘေးသင့်ခဲ့သည့် ကန်ပေါက်ကျေးရွာသို့ရောက်ရှိ၍ လေဘေးသင့်အိမ်ထောင်စုများအား သွေး​ပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတိုး၊ ဆီးချိုစစ်ဆေးပေးခြင်းနှင့် အခြားရောဂါများ ရှိ/မရှိ အခမဲ့ စစ်ဆေးပေးခဲ့ကြပြီး လိုအပ်သောဆေးဝါးများအား အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)