ဘားအံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ Grade-9(သင်ရိုးသစ်) ဆင့်ပွားသင်တန်းဖွင့်ပွဲသို့ ပြည်နယ်ဥပဒေချုပ်တက်ရောက်

ဘားအံ မေ ၁၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်Grade-9(သင်ရိုးသစ်)ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ဘားအံမြို့  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကရင်ပြည်နယ် ဥပဒေချုပ် ဦးရဲလွင်က ပညာဆည်းပူးသင်ယူကြမည့် ကျောင်းသား/ကျောင်းသူများအတွက် သင်ကြားမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး၊ သင်ယူတက်မြောက်မှု မြင့်မားရေး၊ ကျောင်းသား/သူများ ပူးပေါင်းဆောင်ရွက်တက်စေရေးအတွက် အဆင့်မြင့်ပညာနှင့် အခြေခံပညာဆရာ/မများ ပူးပေါင်းကာ ကြိုတင်ပြင်ဆင်ဆွေးနွေးကြသည့် သင်တန်းဖြစ်ကြောင်း၊ အခြေခံပညာ သင်ရိုးညွှန်းတန်းအဆင့် မြှင့်တင်နေသည့်နှင့်အမျှ ကျောင်းသားများသည်လည်း ပညာရေးစနစ်အရ အတန်းများပြီးဆုံးချိန်တွင် သင်ယူတတ်မြောက်မှုများ တိုးတက်လာမှာဖြစ်ကြောင်း၊ အခြေခံပညာရေးကဏ္ဍ တိုးတက်မှသာ ပညာရပ်အသီးသီးသို့ ချဉ်းကပ်ရာတွင် လည်း ကောင်း၊ နိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးအတွက် အခြေခံအထောက်အကူဖြစ်၍ တက်ညီလက်ညီဖြင့် ဝိုင်းဝန်းအားဖြည့်ဆောင်ရွက်ပေးကြရန် အဖွင့်အမှာ စကားပြောကြားခဲ့သည်။

အဆိုပါသင်ရိုးသစ် ဆင့်ပွားသင်တန်းကိုအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းနှင့် အမှတ် (၄)အ‌ခြေခံပညာအထက်တန်းကျာင်းတို့တွင် သင်တန်းသား (၂၅၅၇)ဦးအား ဗဟိုအဆင့်နှင့်ဘားအံတက္ကသိုလ်တွင် ဖွင့်လှစ်ခဲ့သည့် Grade-9(သင်ရိုးသစ်)  သင်တန်းတက်ရောက် ပြီးစီးသည့် ဆရာ/ဆရာမများက ပြန်လည်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံဘာသာရပ်များ၊ ဂီတ၊ ပန်းချီ၊ စာရိတ္တ၊ နီတိနှင့် ကာယပညာရပ်များကိုသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သင်တန်း ကာလမှာ မေလ ၁၇ ရက်နေ့မှ မေလ ၂၄ ရက်နေ့ထိ(၈)ရက်တာ နံနက် (၉)နာရီမှညနေ (၄)နာရီ ထိပို့ချပေးသွားမည်ဖြစ် ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဩခရိုင်(ပြန်/ဆက်)