မြင်းခြံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် Grade-9 (သင်ရိုးသစ်) ဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

မြင်းခြံ မေ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် Grade-9 (သင်ရိုးသစ်) ဆင့်ပွားသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီ အချိန်က မြင်းခြံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်က သင်တန်းတွင် သင်ကြားမည့် အခြေအနေများ၊ သင်တန်းတွင် သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမများ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သိပ္ပံ၊ စာရိတ္တနှင့်ပြည်သူ့ နီတိ(ကာယ) ဘာသာရပ်များအား သင်တန်းနည်းပြ (၁၀၁) ဦးဖြင့် မေလ (၁၇) ရက်နေ့ (၂၄) ရက်နေ့အထိ မြင်းခြံမြို့ အမှတ် (၁)၊ အမှတ်(၃)၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့တွင် (၈) ရက်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ညောင်ဦး၊ ကျောက်ပန်းတောင်းမြို့နယ်များမှ ဆရာ/ဆရာမ (၂၀၃၇) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)