ဒလ မေ ၁၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က စာရေးဆရာ ကိုကိုလင်း (အမေ့အိမ်) ရေးသားသည့် လူကြီးတွေကစပြင်ပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက စာဖတ်ဝိုင်းများ ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ခဲ့သည်။ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဒေါ်လှလှရီက စာရေးဆရာ ကိုကိုလင်း (အမေ့အိမ်) ရေးသားသည့်လူကြီးတွေကစပြင်ပါ စာအုပ်ထဲမှာပါသည့် စာကိုလည်းသင်၊ စိတ်လည်းပြင်နှင့် လူ့ဘဝကိုအချိန်နဲ့ဖွဲ့စည်းထားတယ် ခေါင်းစဥ်များဖြင့် တက်ရောက်လာသော စာပေဝါသနာရှင်များကအပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မားစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online Page မှတစ်ဆင့်စာအုပ် မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်များ ငှားရမ်းခြင်း၊ (Talk Show)နှင့်စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းအပြင် သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိသည်။
မြင့်ဇော် (ပြန်/ဆက်)