မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
May 19,2023
သဘာဝပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပစေရေး လေထု ရေထုညစ်ညမ်းမှု ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ကမ္ဘာ့အပူချိန်မြင့်မားမှုလျော့ချနိုင်စေရေး မြေဆီလွှာများပျက်စီးဆုံးရှုံးမှုနှင့် ရေနေကုန်နေသတ္တဝါဂေဟစနစ်များအား ထိန်းသိမ်းကာကွယ်နိုင်စေရေးအတွက် မိဘ ပြည်သူများအနေဖြင့် လေ့လာသိရှိနိုင်စေရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြိူ့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေ ပြုဗဟိုဌာန Community Centre ခန်းမ၌ပြုလုပ်ကျင်းပသည်။