သံဖြူဇရပ် မေ ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်ကျိုက္ခမီမြို့၌ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ(Basic on Job Skill Training) ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းသင်(၁/၂၀၂၃)ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျိုက္ခမီမြို့ မြို့လယ်ဓမ္မာရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးသက်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဆက်လက်၍သင်တန်းပို့ချရာ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးဦးသက်နိုင်ဝင်း၊ ကျိုက္ကမီမြို့မရဲစခန်းမှရဲအုပ်ဆန်းကိုကို၊ မီးသတ်ဦးစီးဌာနဒုတိယဦးစီးမှူးဦးရှိုင်းထက်အောင်၊ ကျိုက္ခမီမြို့ကြက်ခြေနီတပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှူး ဦးအောင်ဘိုဘိုထွန်းတို့က ပင်လယ်ပြင်လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရေးအတွက် ပင်လယ်ပြင်လုပ်ငန်းခွင်ကျန်းမာရေး၊ အသက်အန္တရာယ်ကင်းရှင်းရေး၊ မျိုးသုန်းရှားပါးရေနေ သတ္တဝါထိန်းသိမ်းရေး၊ မြန်မာ့ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းဥပဒေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအကြောင်းအရာများကို သင်တန်းပို့ချခဲ့ကြကြောင်းနှင့်အခမ်းအနားသို့ ကျိုက္ခမီမြို့ကမ်းဝေးကမ်းနီး ငါးဖမ်းလုပ်ငန်းရှင်အသင်းမှ ဦးဇော်မင်း၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပင်လယ်ငါးဖမ်းရေလုပ်သားသင်တန်းသား(၃၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကို ယနေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)