ကုန်စည်စီးဆင်းမှုလျှင်မြန်စေရေး ခရိုင်ချင်းဆက်အမှတ် (၂) လမ်းတွင် အရှည် (၀.၂) ကီလိုမီတာ၊ အကျယ် (၁၄.၆၂) မီတာ လမ်းပိုင်းအား ကတ္တရာထပ်ပိုးလွှာများ ခင်းပေးသွားမည်ဖြစ်

ကျောက်ဆည် မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ခရိုင်ချင်းဆက်အမှတ် (၂) လမ်းတွင် အရှည် (၀.၂) ကီလိုမီတာ၊ အကျယ် (၁၄.၆၂) မီတာ လမ်းပိုင်းအား ကတ္တရာထပ်ပိုးလွှာများ ခင်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။

ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို  မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (ငွေလုံးငွေရင်း) ကျပ် (၇၆.၂၀၀) သန်းဖြင့် ခရိုင်ချင်းဆက်အမှတ် (၂) လမ်း၏ (၅၀.၄) ကီလိုမီတာနှင့် (၅၀.၆) ကီလိုမီတာ ကြားရှိ အရှည် (၀.၂) ကီလိုမီတာ၊ အကျယ် (၁၄.၆၂) မီတာအား ကတ္တရာထပ်ပိုးလွှာများ ခင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ခရိုင်ချင်းဆက်အမှတ် (၂) လမ်းအားအသုံးပြုနေသည့် ပြည်သူများအတွက် ကုန်ပစ္စည်းများ သယ်ယူ ရာတွင် အချိန်နှင့်ကုန်ကျမှု၏စရိတ်များ သက်သာလာစေပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိးတိုးတက်လာပြီဖြစ်ကြောင်းနှင့်  မြို့နယ်လမ်းဦးစီးအနေဖြင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး မြို့နယ်အတွင်းရှိလမ်းများ၏ လိုအပ်သည့်လမ်းပိုင်းနေရာများတွင် ဘဏ္ဍာနှစ်အလိုက် ပြုပြင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်