မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ကြာအင်းဆိပ်ကြီး မေ ၁၉

သဘာဝပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပစေရေး လေထု‌ ရေထုညစ်ညမ်းမှု ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ကမ္ဘာ့အပူချိန်မြင့်မားမှုလျော့ချနိုင်စေရေး မြေဆီလွှာများပျက်စီးဆုံးရှုံးမှုနှင့် ရေနေကုန်နေသတ္တဝါဂေဟစနစ်များအား ထိန်းသိမ်းကာကွယ်နိုင်စေရေးအတွက် မိဘ ပြည်သူများအနေဖြင့် လေ့လာသိရှိနိုင်စေရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြိူ့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေ ပြုဗဟိုဌာန Community Centre  ခန်းမ၌ပြုလုပ်ကျင်းပသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်က မိမိတို့ဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာပေး Talk Show ဆွေးနွေးပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ပြီး ဆွေးနွေးပွဲအားဆက်လက်ပြုလုပ်ရာမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ဦးတင်ဦးက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ကမ္ဘာ့အပူမြင့်မားမှုနှင့် သဘာဝပတ်ဝန်းကျင် လေထုညစ်ညမ်းများအား ကာကွယ်နိုင်စေရေးအတွက် နှစ်စဉ်နှစ်ရှည်ပင်နှစ် သစ်မာပင်များအစားထိုးစိုက်ပျိုးနေမှုအခြေအနေများ စိုက်ပျိုးသစ်ပင်များအားရှင်သန်ကြီးထွားစေရေးအတွက် ကာကွယ်ထိန်းသိမ်းမှုအခြေအနေ စသည်များအား ဆွေးနွေးပြောကြားခဲ့ ကြောင်းသိရသည်။

မျိုးမင်းဦး(ပြန်/ဆက်)