ကျိုက်ဒုံ မေ ၁၉
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၁၀ နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်က စာဖတ်ရှိန်မြှင့်မား လာစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာ ဒေါက်တာနီလာသိန်း ရေးသားထားသော အလင်းစကားဖွဲ့သီမျက်ဝန်းဆီမှ စာအုပ်ဖြင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးမင်းအောင်ချမ်းမှ ကလေးလေးငယ်ငယ် ပါဝါတွေက များများ၊ ပွင့်သောပန်းတိုင်းလန်းပါစေ၊ ဟန်းဖုန်းလေးတွေကိုင်တဲ့အခါ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ နန်းအေးအေးချိုမှ လောကကို အတည့်ကြည့်ချင်ပေမဲ့၊ ဒါဖတ်ပြီးမှကားမောင်းပါ စသည့်စာအုပ်ပါအကြောင်းအရာ ခေါင်းစဥ်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)