ကြံခင်း မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သော ၂၀၂၂-၂၀၂၃ခုနှစ်၊ နွေစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ဘက်ရဲမြို့ အမှတ်(၂)၊ တောင်သူဦးမြင့်နိုင်၏ လယ်မြေတွင် ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ကွင်းအမှတ်(၅၀)ဃ၊ ဦးပိုင်အမှတ်(၇၄)၊ တောင်သူ ဦးမြင့်နိုင်၏ လယ်မြေတွင်ကျင်းပရာ ဆင်းသုခနွေစပါးတစ်ဧကလျင် အစိုတင်းအထွက်နှုန်း (၁၁၁)တင်းနှင့် အခြောက်တင်း (၁၀၂)တင်းထွက်ရှိခြင်းအား မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်၊ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ဘက်ရဲမြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ တောင်သူများ တတ်ရောက်ကြပြီး နွေစပါး ရိတ်သိမ်းခြင်း၊ ချိန်တွယ်ခြင်းအား ကြည့်ရှုကာ စုပေါင်းမှတ်တမ်းတင်ရိုက်ကူးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)