ရေစကြိုမြို့နယ်တွင် သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ရေများ ဖြန့်ဝေပေး

ရေစကြို မေ ၁၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း နေထိုင်ကြသည့်  အများပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်စီမံမှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်များဖြင့် ယမန်နေ့က အမှတ် (၅)၊ (၆)၊ (၇) ရပ်ကွက်များတွင် ရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရေဖြန့်ဝေပေးလျက်ရှိရာတွင် မုန်တိုင်းဘေးအန္တရာယ်ဒဏ်ကြောင့် လျှပ်စစ်မီးပျက်တောက်မှုမှာ (၆)ရက်ခန့် ကြာမြင့်နေသည့်အတွက် ရပ်ကွက်အတွင်းနေ ပြည်သူများအနေဖြင့် သောက်သုံးရေသုံးစွဲရန် အခက်အခဲများရှိလာကြကြောင်း၊  ရေပြတ်လပ်မှု အခက်အခဲများမဖြစ်ပေါ်စေရေး မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ် (၆)စီးဖြင့် ရေဂါလံပေါင်း (၉၆၀၀)အား ရပ်ကွက် (၃)ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ သောက်သုံးရေခက်ခဲမှု မရှိစေရေး ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။ 

မောင်လုလင်(ရေစကြို)