ညောင်ဦး မေ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နှင့်ပုပ္ပားကြားရှိ ဆည်ပေါက်ကျေးရွာသည် သစ်ပင်ပန်းမန်အမျိုးမျိုးအား ကိုင်းဆက်နည်းပညာဖြင့်သစ်သီး ပင်အမျိုးမျိုး၊ ပန်းပင်အမျိုးမျိုးတို့ကို ကိုင်းဆက်ကာ ပျိုးပင်၊ ကိုင်းဆက်ပင်အမျိုးမျိုးရောင်းချပြီး စီးပွားဖြစ်လုပ်ကိုင်နေသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သစ်ပင်အမျိုးမျိုးကိုင်းကူး၊ ကိုင်း ဆက်ရောင်းချလျက်ရှိသည်။
ဦးထွန်းထွန်းထံကသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း (၁၀၉)အုပ်စု၊ ကျေးရွာပေါင်း (၃၃၉)ရွာနှင့် မြို့ပေါ်(၁၂)ရပ်ကွက်ရှိပြီး ဆည်ပေါက်ကျေးရွာအုပ်စုသည် ဆည်ပေါက်ကျေးရွာ၊ ညောင်ကန်ကျေးရွာနှင့် အင်ချောင်းကျေးရွာစသည့် ရွာသုံးရွာဖြင့်ဖွဲ့စည်းထားသည်။ ကျေးရွာတစ်အုပ်စုတစ်ခုလုံး သစ်ပင်ပန်းမန်အမျိုးမျိုးစိုက်ပျိုး၊ ပျိုးထောင်ရောင်းချနေသော်လည်း ဆည်ပေါက်ကျေးရွာသည် တစ်ရွာလုံးသစ်ပင်အမျိုးမျိုး၊ အလှပန်း ပင်အမျိုးမျိုးကို ကိုင်းဆက်နည်းပညာဖြင့် ပျိုးထောင်ရောင်းချနေသည့် ကျေးရွာဖြစ်သည်။
အဆိုပါဆည်ပေါက်ကျေးရွာသည် ကိုင်းဆက်သီးပင်၊ စားပင်၊ အလှပန်းပင်အမျိုးမျိုးအား အွန်လိုင်းမှတစ်ဆင့် မြန်မာ့နိုင်ငံအရပ်ရပ်သို့ ဖြန့်ဖြူးရောင်းချလျက်ရှိသကဲ့သို့ စိုက်ပျိုးရေးခြံများသို့လည်း လူကိုယ်တိုင်လာရောက်ဝယ်မှုများလည်း ရှိသည်။
ကျောင်းပန်းတောင်း မြို့အပြင် အခြားသောမြို့နယ်များတွင်လည်း ဆိုင်ခွဲများ ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဆည်ပေါက်ကျေးရွာ၏ သစ်သီး၊ သစ်ပင်များကိုင်း ဆက်ရောင်းချမှုသည် အင်မတန် နာမည်ကြီးကြောင်း၊ ကိုင်းဆက်မည့်မူလအပင်များဖြစ်သည့် ကိုးလက်မစိမ်းချိုသရက်၊ ခြောက်လက်မစိမ်းချိုသရက်၊ သုံးရာသီသရက်၊ စိန်တစ်လုံးသရက်၊ အာတူးအီးတူးသရက်များ ကိုင်းဆက်ကိုင်းကူးနိုင်ရန် မူလသရက်မျိုးအပင်များ စတင်စိုက်ပျိုးထားပြီး ဒေသမျိုးရင်းသရက်မျိုးများအား ရွေးချယ်ကာ အစေ့ထောင်ပျိုးထောင်ထားကြကြောင်း၊ ကိုင်းဆက်မည့် သရက်ကိုင်းနှင့်ပျိုးထောင်ထားသည့်သရက်ပျိုးအိတ်ထဲရှိ အပင်နှင့်ကိုင်းသည် မတိမ်းမယိမ်းရှိနေပါက ကိုင်းဆက်၍ရကြောင်း၊ ကိုင်းဆက်နည်းမှာ ရာနှုန်းပြည့်အောင်မြင်လေ့ရှိပြီး ကိုင်းဆက်ထားသည့်သရက်ပင်ပတ်လည်အား ကိုင်းဆက်စိုက်ပျိုးအိတ်ကို ကြိုးဖြင့်ချိတ်ဆွဲထားနိုင်ရန် အပင်ပတ်လည်စင်ထိုးထားရသည်။
ကိုင်းဆက်နည်းပညာကို တစ်ရွာလုံးနီးပါးကျွမ်းကျင်ကြကာ ခရေ၊ ပန်းရောင်ကံ့ကော်၊ ဆီးကြက်ဥ၊ ဆီပန်း၊ အစေ့လွတ်မာလကာ၊ ထိုင်ဝမ်ပိန္နဲ၊ နှင်းဆီပင်အမျိုးမျိုး၊ စက္ကူပန်းပင်အမျိုးမျိုးနှစ်ရောင်စပ်ခြင်း၊ သရက်အမျိုးမျိုးတို့ကို ကိုင်းဆက်နည်းပညာဖြင့် ပျိုးထောင်လေ့ရှိပြီး တစ်ရွာလုံးစားပင်သီးပင်၊ အလှပန်းပင်အမျိုးမျိုးအား ရောင်းချခြင်းဖြင့် စီးပွားဖြစ်စိုက်ပျိုးရောင်းချနေသည့်ကျေးရွာဖြစ်ကာ ကိုင်းဆက်နည်းပညာဖွံ့ဖြိုးနေသည့် ကျေးရွာဖြစ်ကြောင်း ကိုင်းဆက်ပျိုးပင် ရောင်းချနေသူ ဦးထွန်းထွန်းကရှင်းပြသည်။
ဒီပါလင်း