၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းနှင့် တိုင်းဒေသကြီး ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစီမံကိန်း တာ၀န်ပေးအပ်ပွဲပြုလုပ်

ရေဦး မေ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းနှင့် တိုင်းဒေသကြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်း တာ၀န်ပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်နန်းစိန်ရီက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာ‌ရေးနှစ် လျာထားချက်အပေါ် အကောင်အထည်ဖော်နိုင်မှု အ‌ခြေအနေနှင့် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ရေဦးမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက တိုင်းဒေသကြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်  ဒေသဖွံဖြိုးရေး စီမံကိန်းတာ၀န်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိ ဦးဇော်ခင်ထံသို့ လည်းကောင်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်၀င်းလှိုင်က  လယ်ယာကဏ္ဍ စီမံကိန်းရည်မှန်းချက်တာ၀န်များကို စိုက်ပျိူရေးဦးစီးဌာနဦးစီးမှူး ဦးဇော်မြင့်ထွန်းထံသို့ လည်းကောင်း၊ အဖွဲ့၀င်(၁)ဗိုလ်မှူး ဖြိုး၀င်းထက်က စက်မှုကဏ္ဍစီမံကိန်း တာ၀န်များကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာထံသို့လည်းကောင်း၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှူး ဒေါ်နန်းစိန်ရီက ၀န်ဆောင်မှုကဏ္ဍ စီမံကိန်းတာ၀န်များကို မြန်မာ့စီးပွားရေးဘဏ်  မန်နေဂျာထံသို့လည်းကောင်း  အသီးသီး တာ၀န်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သန်းသန်း (ရေဦး)