အလုံမြို့နယ်၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အ​ခြေခံပညာ​​ကျောင်းများတွင် စတင်ကျောင်း အပ်လက်ခံ

အလုံ  ​မေ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊  အလုံခရိုင်၊  အလုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်  ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ရည်ရွယ်၍ "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးစေဖို့ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ယ​နေ့ နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

ထိုသို့ကျောင်းအပ်လက်ခံရာတွင် ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေလ၂၃ရက်နေ့မှ မေလ၃၁ရက်နေ့အထိ သတ်မှတ်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံသည့်အခါ အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှု မရှိကြောင်း၊ ကျောင်းသုံး ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ပေတံစသည့် ပစ္စည်းတွေကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ ပေးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို အလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများကသွားရောက်ကြည့်ရှု အားပေးကြပြီးလို အပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အလုံမြို့နယ်အတွင်း အခြေခံပညာ ထက်၊လယ်၊မူကျောင်း(၁၂) ကျောင်းကို ဇွန်လ ၁ ရက်နေ့မှ စတင်ကာ  ကိုဗစ်-၁၉​ရောဂါကာကွယ်​ရေးစည်းကမ်းများနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်​ကြောင်း သိရသည်၊၊

တင်တင်ချို (ပြန်/ ဆက်)