သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းများ စတင်လက်ခံ
May 23,2023
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသားသစ်များ ကျောင်းအပ်လက်ခံခြင်းကို၊ ယနေ့နံနက်(၉) နာရီမှ စတင်၍ အခြေခံပညာကျောင်းအသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး၊ ကျောင်းအပ်လက်ခံခြင်းများကို မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် လက်ထောက်ပညာရေးမှူးများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီမှ စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 23,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီမှ စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချမ်းမြသာသည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်
May 23,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ထက်/လယ်/မူအခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်ကျောင်းသား/သူများ ကျောင်းအပ်နှံ လက်ခံခြင်းကိုယနေ့နံနက် ၈နာရီအချိန်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား တက်ရောက်
May 23,2023
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခမဲ့ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်
May 23,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ၂၀၂၃- ၂၀၂၄ ခုနှစ် ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် အခမဲ့ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြသည်။
ကျောက်ဆည်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်လက်ခံ
May 23,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ယနေ့ နံနက်(၉)နာရီက ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ကြားခွင့်ရရှိနိုင်ရေး အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပန်းတနော်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေး စတင်လက်ခံ
May 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက် “ကျောင်းနေအရွယ်ကလေးငယ် အားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာ ကျောင်းများအားလုံး ကျောင်းအပ်လက်ခံခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။
မုံးကိုးမြို့၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
May 23,2023
မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက  စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မုံးကိုးမြို့အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။