ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများအား ကြည့်ရှုအားပေး
May 23,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ နိုင်ငံတစ်ဝန်းတွင် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်မည်ဖြစ်၍ ကယားပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်း များတွင် မေ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်း သီတင်းပတ်အစီအစဉ်ကို စတင်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။