သတင်းများ

မတ္တရာမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများကျင်းပ
May 26,2023
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ် ဇွန်လ ၅ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို မေလ ၂၆ ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် နေအိမ်များအား‌‌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်
May 26,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မေလ(၂၄)ရက်နေ့က လေပြင်း တိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ်(၆)လုံး၊ ပြိုလဲ‌လူနေအိမ်(၁)လုံးအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ယ‌မန်နေ့ည‌နေ(၅) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခန္တီးမြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်
May 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က အ.ထ.က ကျောင်း၊ ကျန်စစ်သားခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခန္တီးမြို့နယ်အဆင့် ကျောင်းအပ်နှံ ရေးနေ့ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ
May 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အတွင်း  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးတို့အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲအခမ်းအနားကို  ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု နမ့်ကျန်ကျေးရွာတွင် ပြုလုပ်သည်။
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
May 26,2023
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ ငွေများအား ခရိုင်(၈)ခရိုင်သို့ လွှဲပြောင်း ပေးအပ်ပွဲနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ရာ  အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်(၈)ခရိုင်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
မောက်မယ်မြို့နယ်၌ဝန်ထမ်းသားသမီးများအားပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကျင်းပ
May 26,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၃−၂၀၂၄ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို အဆိုပါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ၃နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ်ဗဟုသုတများ တိုးပွားစေရေး Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ
May 26,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ်ဗဟုသုတများ တိုးပွားစေရေး ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြု ဗဟိုဌာနတွင် Book Club အဖွဲ့ဝင်များ စာရေးဆရာ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ၏အလုပ်ဆိုတာအင်အားပါစာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့တွင် Grade-9 သင်ရိုးသစ် ဆင့်ပွားသင်တန်းတက်ရောက်နေကြသည့် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ
May 26,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် Grade-9 သင်ရိုးသစ် ဆင့်ပွားသင်တန်းတက်ရောက်နေကြသည့် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌ကျင်းပပြုလုပ်သည်။