၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခန္တီးမြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်

ခန္တီး မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က အ.ထ.က ကျောင်း၊ ကျန်စစ်သားခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခန္တီးမြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်း အနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ) (ခန္တီး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသက်ထူးစံက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူး ဦးဝင်းလွင်ဦးက ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ပညာရေးဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြော ကြားပြီး ကျောင်းသားမိဘများ ကိုယ်စား အ.ထ.က (ခန္တီး) ကျောင်းအကျိုးဆောင် ဦးအောင်ကျော်ဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် အလှူရှင်များမှ ပညာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ ဆရာ/ဆရာမ ကြီးများက လက်ခံခဲ့ကြပြီး ခန္တီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုအနေဖြင့် အခြေခံပညာကျောင်း ပေါင်း(၉၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၈)ကျောင်း စုစုပေါင်း (၁၀၁)ကျောင်း ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး (၂၃-၅-၂၀၂၃) ရက်နေ့မှ (၂၅-၅-၂၀၂၃) ရက်နေ့အထိ ကျောင်းအပ်လက်ခံမှုစာရင်းမှာ အခြခံပညာကျောင်း များတွင် မူဆင့်(၃၃၅၃)ဦး၊ လယ်ဆင့်(၁၃၅၃)ဦး၊ ထက်ဆင့်(၃၀၂)ဦး စုစုပေါင်း(၅၀၀၈) ဦးရှိကာ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် မူဆင့်(၁၆၆)ဦး၊ လယ်ဆင့်(-)ဦး၊ ထက်ဆင့်(-)ဦး၊ စုစုပေါင်း(၁၆၆)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ အခမ်းအနားသို့ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီး သက်ထူးစံ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန အကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား/ကျောင်းသူလေးများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)