ပြင်ဦးလွင် မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် Grade-9 သင်ရိုးသစ် ဆင့်ပွားသင်တန်းတက်ရောက်နေကြသည့် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုက ကျောင်းအပ်နှံသူဦးရေနှင့် ကျောင်းတက်သူဦးရေ ပိုမိုတိုးတက်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စဉ်ဆက်မပြတ် တန်းစဉ်ကူးပြောင်းနိုင်ရန်နှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်မှ ကျောင်းအပ်နှံသူဦးရေနှင့် ကျောင်းတက်သူဦးရေ ပိုမိုတိုးတက်ရေးစပ်လျဉ်း၍ ဆွေးနွေးပြောကြားခြင်း ဆရာမတစ်ဦးမှ ကျောင်းအပ်နှံသူဦးရေ နှင့် ကျောင်းတက်သူဦးရေ ပိုမိုတိုးတက်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများစဉ်ဆက်မပြတ် တန်းစဉ်ကူးပြောင်းနိုင်ရန်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသော ဆရာ၊ ဆရာမများကဆွေးနွေးတင်ပြရာ ခရိုင်ပညာရေးမှူးဒေါက်တာရွှေစင်အိမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုမှ သင်တန်းသား ဆရာ၊ ဆရာမများအတွက် တစ်ဦးလျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ငွေ (၂၂၇၀၀၀၀) ကျပ်အားပေးအပ်ခဲ့၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)