ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အခြေခံပညာကျောင်းများသန့်ရှင်းသာယာလှပရေး ပူးပေါင်းဆောင်ရွက်
May 26,2023
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အခြေခံပညာကျောင်းများ ကျောင်းဖွင့်အမီ သန့်ရှင်းသာယာလှပရေးနှင့် ခြင်ကြောင့်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ ကြိုတင်တားဆီးကာကွယ်ရေး၊ လေကောင်းလေသန့်ရရှိရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီက အမှတ်(၂၈)ရပ်ကွက်၊ ဗိုလ်ဖိုးစောလမ်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးကို မြို့နယ်စည်ပင်သာယာမှ ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။