တာမွေမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်
May 26,2023
"ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိတို့နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် မျိုးဆက်သစ် လူငယ်လူရွယ်များအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတပြည့်စုံကြွယ်ဝသော နိုင်ငံ၏ ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် နိုင်ငံ တစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-ခုနှစ် မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက် ရှိရာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း မေလ(၂၃)ရက်နေ့ နံနက်ပိုင်းအချိန်မှစတင်ကာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။