အထက်မင်းလှ မေ ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မေလ(၂၄)ရက်နေ့က လေပြင်း တိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ်(၆)လုံး၊ ပြိုလဲလူနေအိမ်(၁)လုံးအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ယမန်နေ့ညနေ(၅) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းထွန်းအောင်က အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇင်နီလာဦးက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ထောက်ပံ့ငွေပေးအပ်ပွဲပြုလုပ်ခဲ့ရာ လေပြင်းတိုက်ခတ်မှုကြောင့် ကဒကျေးရွာမှ၊ တစ်စိတ်တစ်ပိုင်းပျက်စီး၊ လူနေအိမ်(၆)လုံး၊ ညောင်ပင်ကျေးရွာမှ ပြိုလဲလူနေအိမ်(၁)လုံးအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိတို့က အိမ်ဆောက်ပစ္စည်းတန်ဖိုး(၁၆၀၀၀ဝိ/)၊ ဆန်ရိက္ခာဖိုး (၃၇၈၀ဝိ/) စုစုပေါင်း(၁၉၇၈၀ဝိ/)နှင့် ပြိုလဲလူနေအိမ် (၁)လုံးမှအိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့ကို လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးပြိုလဲခဲ့သည့် နေအိမ်များမှ မိသားစုဝင်များထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)