ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အ‌ခြေခံပညာကျောင်းများသန့်ရှင်းသာယာလှပရေး ပူးပေါင်းဆောင်ရွက်

ဒဂုံမြောက် မေ ၂

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အခြေခံပညာကျောင်းများ ကျောင်းဖွင့်အမီ သန့်ရှင်းသာယာလှပရေးနှင့် ခြင်ကြောင့်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ ကြိုတင်တားဆီးကာကွယ်ရေး၊ လေကောင်းလေသန့်ရရှိရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် နာရီက  အမှတ်(၈)ရပ်ကွက်၊ ဗိုလ်ဖိုးစောလမ်းရှိ အမှတ်()အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးကို မြို့နယ်စည်ပင်သာယာမှ ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကျောင်းသန့်ရှင်းရေးဆောင်ရွက်မှုများကို အမှတ်()အခြေခံပညာအထက်တန်းကျောင်း အတွင်း/အပြင်ရှိ အမြင်မတင့်တယ်သည့် အမှိုက်သရိုက်များရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများဆယ်ယူခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေး‌ကောင်စီအဖွဲ့ဥက္ကဋ္ဌဦးသန်းဝင်းနှင့်အဖွဲ့ဝင်များမှဦးဆောင်၍ မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းများ၊  ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းကော်မတီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များဖြင့်  ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အလားတူ အ.မ.က(၁၂)ကျောင်း၌လည်း စုပေါင်းသန့်ရှင်းရေး‌ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကျောင်းဖွင့်အမီ ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ