တံတားဦးခရိုင်တွင် ၂၀၂၃-၂၀၄ ပညာသင်နှစ်၌ ကျောင်းသား ၊ ကျောင်းသူ စုစုပေါင်း ( ၂၄၆၇၈ )ဦး ကျောင်းအပ်လက်ခံပြီးစီး

တံတားဦး  မေ၂၆

၂၀၂၃-၂၀၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများလုံး ကျောင်းတက်ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ “ ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ “ဟူသော ဆောင်ပုဒ်နှင့်အညီ တံတားဦးခရိုင်၌ ကျောင်းသား၊ ကျောင်းသူများအားလုံး အခြေခံပညာ ကျောင်းများအသီးသီးတွင် မေလ(၂၃)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံဆောင်ရွက်နေကြောင်းသိရသည်။

တံတားဦးခရိုင်တွင် မြို့နယ်ပေါင်း(၂)မြို့နယ်ပါဝင်ပြီး၊ တံတားဦးမြို့နယ်နှင့် ငါးဇွန်းမြို့နယ်တို့တွင် မေလ (၂၃)ရက်နေ့မှ(၂၅)ရက်နေ့အထိ အထက်တန်းအဆင့် ကျောင်းသား/သူပေါင်း(၁၉၇၈၃)ဦး၊ အလယ်တန်း ကျောင်းသား/သူပေါင်း(၃၈၀၀)ဦး၊ မူလတန်းအဆင့် ကျောင်းသား/သူပေါင်း(၁၀၉၅) ဦး စုစုပေါင်း ကျောင်းသား/သူ(၂၄၆၇၈)ဦး ကျောင်းအပ်လက်ခံဆောင်ရွက်ပြီးကြောင်းနှင့် ကျောင်းအပ်လက်ခံ ဆောင် ရွက်ပြီးသော ကျောင်းသား/သူများအား ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံတို့ကို သတ်မှတ်အတန်းအလိုက် ထောက်ပံ့ပေးပြီးဖြစ်ကြောင်း သိရသည်။

တံတားဦးခရိုင်၌  တံတားဦးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၉)ကျောင်း၊ အလယ် တန်းကျောင်း(၉)ကျောင်း၊ အလယ်တန်းကျောင်းခွဲပေါင်း (၈)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၇)ကျောင်း၊ မူလတန်းကျောင်း(၆၈) ကျောင်း၊ စုစုပေါင်း(၁၂၁)ကျောင်း၊ ငါးဇွန်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၇)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၉) ကျောင်း၊ အလယ်တန်းကျောင်း(၁၀)ကျောင်း၊ အလယ်တန်းကျောင်းခွဲပေါင်း(၁၇)ကျောင်း၊ မူလတန်းလွန်ကျောင်း ((၁၁)ကျောင်း၊ မူလတန်းကျောင်း(၇၃)ကျောင်း၊ ရှိပါကြောင်း ခရိုင်ပညာရေးမှူး ဦးဟန်တင် ထံမှသိရသည်။

ရဲတင့်( ပြန်/ဆက်)