ထားဝယ်မြို့နယ်၊ ညောင်ရမ်းတောင် ရပ်ကွက်၊ ဇေယျဝတီဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော် ၊ ဆီ၊ ကုလားပဲများအားဆက်ကပ်လှူဒါန်း

ထားဝယ်  မေ ၂၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဆွမ်း/ကွမ်းခက်ခဲသည့်ဘုန်းတော်ကြီးကျောင်းများသို့ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ်၊ ညောင်ရမ်းတောင် ရပ်ကွက်၊ ဇေယျဝတီ ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများအား  ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(ထားဝယ်)မှ ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်နှင့် ဝန်ထမ်းများက ဇေယျဝတီဘုန်းတော်ကြီး ကျောင်းသို့ ဆွမ်းဆန်တော် အိတ်၊ ဆီ ၁၅ ပိဿာ၊ ကုလားပဲ ၁၀ ပိဿာ စသည့်တို့ကို နာယကဆရာတော်ထံသို့ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)