ပေါင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးသီးနှံတောင်သူပညာပေးဆွေးနွေးပွဲကျင်းပ

ပေါင် မေ ၂၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှကျင်းပပြုလုပ်သော မိုးစပါးသီးနှံတောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကမာဘီကျေးရွာနှင့် ပန်းကုန်းကျေးရွာတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စိုက်ပျိုးရေဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်သန်းသန်းဌေးမှ စပါးသီးနှံတစ်ဧကအထွက်နှုန်းတိုးတက်မြင့်မားရေး၊ နည်းမှန်၊ လမ်းမှန်စိုက်ပျိုးကြရေးနှင့်လိုအပ်သည့် နည်းပညာအထောက်အပံ့များကို စိုက်ပျိုးရေးဦးစီးဌာန၌ လာရောက်မေးမြန်းနိုင်ကြောင်း ဆွေးနွေးအမှာစကားပြောကြားသည်။

ထို့နောက် သီးနှံကာကွယ်ရေးတာဝန်ခံများမှ စပါးသီးနှံတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများအား ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းစဥ်များအား နှီးနှောဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် ကမာဘီကျေးရွာနှင့် ပန်းကုန်းကျေးရွာနှစ်ရွာတို့မှ တောင်သူစုစုပေါင်း (၆၅)ဦးခန့်တက်ရောက်ခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးကွာနှစ်ရွာတို့၌ မိုးစပါးသီးနှံတောင်သူပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)