မိုင်းယု မေ ၂၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် တရားမဝင်ဆေးဝါးများ တင်သွင်းမှုနှင့်ရောင်းချနေမှုမရှိစေရေးအတွက် ဒေသတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းက လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လိုက်လံစစ်ဆေးရာသို့ တာချီလိတ်မြို့နယ်၊ အကောက်ခွန်ဦးစီးဌာမှ ဒု-အကောက် ခွန်မှူး ဦးရဲမင်းအောင်၊ စာသုံးသူရေးရာဦးစီးဌာနမှ ဦးစိုင်းဟုန်ရှဲန်၊ မိုင်းယုမြို့ ခေတ္တအုပ်ချုပ် ရေးမှူး ဦးရှိုင်းပိုင်မှူး၊ နယ်မြေခံစခန်းမှူး ရဲအုပ်နိုင်နိုင်ဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မရပ်ကွက်သူကြီးတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မြို့မရပ်ကွက်အတွင်းရှိ ဆေးဆိုင်များအား Hemas Mandalar Pharmaceuticals Ltd,၏ တရားဝင်မှတ်ပုံတင်ထားသည့် ဆေးဝါး ဖြစ်သည့် Crestor 10 mg Table (Rosuvastatin 10 mg ) (2507AA5687)နှင့် ပုံစံတူ တရား မဝင်ဆေးဝါးများအား ဆေးဆိုင်များတွင် တင်သွင်း/ရောင်းချနေမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ကာလကျော်လွန်နေသည့် ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ အနောက်တိုင်းဆေး ရောနှောပြီး မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးဝါးများ မရောင်းချစေရန် ကွင်းဆင်းစစ်ဆေးခဲ့ကြကာ ဆေးဆိုင်ပိုင် ရှင်များအား အသိပညာပေးပြောကြားခဲ့သည်။
ယင်း တရားမဝင်ဆေးဝါးများမှာ Hemas Mandalar Pharmaceuticals Ltd.မှ ဆေးဝါးမှတ်ပုံတင် ရရှိထားသောဆေးဝါးများနှင့် Brand Name ဆင်တူ၍ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် အမှတ်မပါဘဲ အင်္ဂလိပ်ဘာသာမဟုတ်သော အခြားဘာသာများဖြင့် ဖော်ပြထားသဖြင့် အရည်အသွေးဘေးအန္တရာယ် ကင်းရှင်းမှု အာမခံချက်လုံးဝမရှိပါကြောင်း ဗဟိုအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ အသိပေးထုတ်ပြန်စာများအရ သိရသည်။
ကိုကိုနိုင်