သတင်းများ

ကြံခင်းမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီ(အခမဲ့)အခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ(အခမဲ့)အားကစား အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့မအားကစားကွင်း မိုးလုံလေလုံခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ဒေသခံတောင်သူများ၏ လယ်ယာ​မြေများ ​ရေလွှမ်းမိုးမှုမှကာကွယ်ရန် ချောင်း​ပေါင်ပြုပြင်​ခြင်းလုပ်ငန်း​ ဆောင်ရွက်
Mar 05,2025
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ​ဒေသခံ​တောင်သူများ၏ လယ်ယာ​မြေများ ​ရေလွှမ်းမိုးမှုမှကာကွယ်ရန်အတွက် နမ့်မယ်ဟုတ်​ချောင်း လက်ဝဲဘက်ရှိ ချောင်း​ပေါင်ကျိုး​ပေါက်မှုပြုပြင်ခြင်းလုပ်ငန်း အပိုင်း(၁)ကို ဆောင်ရွက်လျက်ရှိ​​ရာ အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီး​တော့မည်ဖြစ်​ကြောင်း မြို့နယ်ဆည်​မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ​ရေးဦးစီးဌာနမှ သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 05,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် လူဦးရေစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်းမှန်ကန်ရေး၊ မြေပြင်ကွင်းဆင်းစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများအား တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် (၅.၃.၂၀၂၅)ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က (ဈ)ရပ်ကွက် အကွက်အမှတ် ပပ-၁၂၊ ၆၀အေလမ်း ၁၃၄ နှင့် ၁၃၅ ကြားရှိ နေအိမ်များသို့  မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့သည်။
တာချီလိတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 05,2025
ရှမ်း​ပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ရေကြီးရေလျှံမှုလျော့နည်းစေရေးအတွက် ရေနုတ်မြောင်းများ အရှိန်အဟုန်ဖြင့်ဆယ်ယူနိုင်ရေး အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မကာဟိုခမ်းရပ်ကွက်၊ အောင်မြတ်ခန်းမတွင် ကျင်းပပြုသည်။
မိုင်းရှူးမြို့၌ နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်လှစ်
Mar 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားနည်းသင်တန်းကို မြို့မအားကစားကွင်း၌ မတ်လ ၁ ရက်နေ့မှစတင်ကာ  ၃၁ ရက်နေ့အထိ ၁ လ သင်ကြားပို့ချသွားမည်ဖြစ်သည်။
ဟိုပုံးမြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူများ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် ပန်လျန်းဘုန်းတော်ကြီးကျောင်းသစ်အား အုတ်မြစ်ချ မင်္ဂလာအခမ်းအနားကျင်းပ
Mar 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများမှ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် ပန်းလျန်းကျေးရွာဘုန်းတော်ကြီးကျောင်း ကျောင်းဆောင်သစ် ပြန်လည်ဆောက်လုပ်နိုင်ရန်အတွက် အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။
ရမည်းသင်းမြို့နယ်အတွင်းရှိ ရပ်ကွက်​ကျေးရွာများရှိ အသက် (၂)လမှ (၅၉) လအထိ ကလေးငယ်များအား ပိုလီယိုရောဂါ ကာကွယ်ဆေးတိုက်ကျွေး
Mar 05,2025
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မတ်(၅) ရက် နံနက်ပိုင်းမှစတင်၍ ရမည်းသင်းမြို့နယ်အတွင်းရှိ ရပ်ကွက်​ကျေးရွာများရှိ အသက်(၂)လမှ (၅၉) လအထိ ကလေးငယ်(၁၈၉၄၄)ဦးများအား ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) များ အသုံးပြု၍ ပိုလီယိုရောဂါကာကွယ်ဆေးအရှိန်အဟုန်မြှင့် တိုက်ကျွေးခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြာင်း သိရသည်။
ပြည်မြို့လူထုအခြေပြုဗဟိုဌာန၌ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်း‌ဆေးများ အခမဲ့‌ပေးဝေခြင်းဆောင်ရွက်
Mar 05,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပန်းချီသင်တန်းတက်ရောက်နေသော အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းက ပြည်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်း‌ဆေးများ အခမဲ့‌ပေးဝေခြင်းဆောင်ရွက်သည်။