သတင်းများ

ပုသိမ်မြို့တွင် မြန်မာ့သနပ်ခါးယဥ်ကျေးမှုဓလေ့အား ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုအခမ်းအနားကျင်းပ
Mar 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် စုပေါင်းရုံးခန်းမတွင် မြန်မာ့သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားလိမ်းခြင်းဖြင့်  မြန်မာ့ရိုးရာ အမွေအနှစ်ဆင်ယင်ထုံးဖွဲ့ ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူအားလုံးပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
ကဝမြို့နယ်တွင် ဘက်စုံသုံးဆပ်ပြာဆီ ထုတ်လုပ်နည်းသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေး
Mar 04,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ဘက်စုံသုံးဆပ်ပြာဆီထုတ်လုပ်နည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့တွင် မြန်မာ့သနပ်ခါးအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများပြုလုပ်
Mar 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြန်မာ့သနပ်ခါးအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ကဏ္ဍစုံအသိပညာပေး ဟောပြောပွဲကျင်းပ
Mar 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယနေ့နံနက်(၁၁)နာရီခွဲ အချိန်၌ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများက ကဏ္ဍစုံ အသိပညာပေး ဟောပြောပွဲများ ကျင်းပဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-9 နှင့် Grade _5 နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို
Mar 04,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-9 နှင့် Grade _5 နှစ်ဆုံးစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီကစတင်ဖြေဆိုသည်။
သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Mar 04,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ အင်္ဂလိပ်စာဘာသာစကားကျွမ်းကျင်စေရန်၊ အင်္ဂလိပ်စကားလုံးဝေါဟာရများကို သိရှိနားလည်စေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ (၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန(Community Center )ခန်းမ၌ မြန်မာ့ရိုးရာသနပ်ခါးနေ့ လှုပ်ရှားဆောင်ရွက်မှု အခမ်းအနားကျင်းပ
Mar 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အတွက် အထောက်အကူဖြစ်စေရေးနှင့် မြန့်မာ့ရိုးရာသနပ်ခါးကို တန်ဖိုးထားမြတ်နိုးတတ်စေရေးအတွက် မြန်မာ့သနပ်ခါးအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။
ငွေဆောင်မြို့ အခြေခံပညာစာသင်ကျောင်းများ၌ (၂၀၂၄ - ၂၀၂၅) ပညာသင်နှစ်၊ Grade – 5 နှင့် Grade – 9 နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ ဆက်လက်ဖြေဆို
Mar 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ အခြေခံပညာစာသင်ကျောင်း၌ ယနေ့နံနက် (၉) နာရီက ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ Grade – 5 နှင့် Grade – 9နှစ်ဆုံး စာမေးပွဲ ဒုတိယနေ့ (အင်္ဂလိပ်စာ) ဘာသာရပ်အား ကျောင်းသား/ သူလေးများက ဖြေဆိုလျှက်ရှိကြောင်း သိရသည်။