ရွှေသောင်ယံမြို့၌ စာဖတ်ဝိုင်းပြုလုပ်

ရွှေသောင်ယံ ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဆရာဇော်(ပညာရေး)ရေးသားသော အောင်မြင်ခြင်းသို့ ခြေလှမ်းများစွာစာအုပ်ဖြင့် ယမန်နေ့ညနေပိုင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

‌“အောင်မြင်ခြင်းသို့ ခြေလှမ်းများစွာစာအုပ်သည် ဘဝအောင်မြင်ရေးစာအုပ်ဖြစ်ပြီး စာအုပ်တွင်ပါရှိသည့် ဆောင်းပါးပေါင်း (၁၄) ပုဒ်မှ ဆောင်းပါးနှစ်ပုဒ်ကို ရွေးချယ်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထိုသို့စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ရာတွင် အောင်မြင်လိုစိတ်မွေးမြူခြင်း‌ကြောင့် ဘဝအောင်မြင်မှု ရခဲ့သူအကြောင်း၊ ဘဝကိုမထူးပါဘူးဆိုပြီး ကိုယ့်အရည်အချင်းကိုလှစ်လျူရှုခဲ့သူတို့ရဲ့ ဘဝအကြောင်းဆွေးနွေးပြီး အောင်မြင်ခြင်းဆန္ဒကိုပြင်းပြစွာ ဆောင်ရွက်သူတို့ရဲ့အခြေအနေကိုသာ အတုယူနိုင်ရန်ညှိနှိုင်းဆွေးနွေးခဲ့သည်။

ယခုလိုဘဝအောင်မြင်ရေးအတွက် အတွေးအခေါ်ကောင်းများ စာတစ်အုပ်မှ စာတစ်ပုဒ်စာတစ်ပုဒ်မှ စာတစ်ကြောင်း အသိအမြင်ကောင်းများရရှိလျှင်ပင် ဘဝတစ်ခုရှင်သန်ရကျိုး နပ်စေမည့် ရည်ရွယ်ချက်ဖြင့် ယခုစာဖတ်ဝိုင်းကိုပြုလုပ်ဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါ စာဖတ်ဝိုင်းသို့ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ  ရွှေသောင်ယံမြို့ Book Club အဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)