ခိုလမ် ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.ထ.က(ခိုလမ်)၊ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထက်တန်း(ပြ)ဆရာမ ဒေါ်နန်းမြဦးမှ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/သူများအနေဖြင့် အထိမ်းအမှတ်နေ့များကို မြတ်နိုးတန်ဖိုးထားရန်၊ မမေ့လျော့စေရန်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းတို့ကို ဟောပြောခဲ့သည်။
ထို့နောက် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျောင်းတွင်း စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဆောင်းပါးပြိုင်ပွဲများကို (မူ၊ လယ်၊ ထက်) အဆင့်များဖြင့် ၁၆-၇-၂၀၂၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုလမ်(ပြန်/ဆက်)